Friday, 12 August 2011

သူမရှိတော့ရင်


အိမ်မက်တွေ
ပြာကျ...
စိတ်ကူးတွေ
အရည်ပျော်ပြီး
လက်တွေ့ဘ၀က
တစ်သက်မမေ့စရာတွေပဲ
ကျန်ခဲ့...
ပြန်ခဲ့ပါတော့...အချစ်ရယ်။ ။
နှလုံးသွေးတွေ ပေကျံနေတဲ့
အချစ်...,
ဘယ်တော့မှ  အသစ်မဖြစ်စေရဘူး။ ။
သူမှ  မရှိတော့ရင်
ရင်ခွင်ကိုသော့ခတ်
ချော့တတ်ခဲ့တဲ့
ငါ့...,  နှုတ်ခမ်းက
အလွမ်းတွေ
ထွက်ကျလာမှာ  စိုးတယ် ။ ။

အလွမ်းညများ


နောက်ပြန် လှည့်ကြည့်ဖို့
ခက်နေတဲ့ ဘဝ
ရှေ့ကို ဘယ်လို
တိုးရမလဲ....။
မကြင်ရက်သူရေ
ရင်ထက် အပူကို
မြင်လှည့်....
နင်...
ဖျက်စီးခဲ့တဲ့
ငါ့   နှလုံးသားကို
အမုန်းတရားအပြည့်နဲ့
ထိုးနှက် ဦးမလို့လား...။
ရက်စက်ပါ ချစ်သူ
မင်းကို.....
မလျစ်လျူရှု နိုင်သရွေ့
မမေ့ နိုင်သရွေ့
ငါ......
မင်းအနားမှာ  ခစား
ည  များစွာကို
အလွမ်းနဲ့....
ကျော်ဖြတ်   ပါရစေ  ။ ။

Wednesday, 10 August 2011

ဝေးမှဖြစ်မယ်ဆို

အခုမှတော့ နင် မတမ်းတနဲ့
ငါ မရှိတော့ မှ လွမ်းပြီးလဲ နင် မငိုနဲ့ .........
အမှတ်တရတွေတိုင်း အမှတ်ရစရာ မဟုတ်ဘူး
ခါးသက်လွန်းတဲ့ ဖျော်ရည်တစ်ခွက်ကို နှစ်နှစ်ခြိုက်ခြိုက်
သောက်နိုင်တဲ့ သူတွေရှိကောင်းရှိမယ်.....
ဒါပေမဲ့ ......ငါ ..မပါဘူး
အချစ်စစ်ဆိုပေမဲ့ အရာရာတိုင်းမှာ အကန့်အသတ်ရှိမှန်း
နင် မမေ့သင့်ဘူး
နှမြောတတ်ရင် နင့် အတွက်ေ ပးခဲ့တဲ့ ငါ့ အချိန်တွေက တန်ဖိုးမဲ့တာ မဟုတ်ဘူး
ချစ်တတ်လွန်းတဲ့ငါ က ......အနှမြော မရှိ ရက်ရောခဲ့တာ ပါ
အသွားအပြန်မမျှတဲ့ ချစ်ခြင်း လွန်းတု တစ်ခုက.ို .........
ငါ ချိုးဖဲ့ လိုက်ချိန်က ..
တကယ်ဆိုရင် .......နောက်ကျနေသေးတာ
နင် မသိချင်ယောင် မဆောင်နဲ့
ကဲ .အကြင်နာဆုံး လမ်းခွဲမယ်.........
အနာကျင်ရဆုံး ဒဏ်ရာတွေ အတွက် .......
ငါ့ အတိတ် ကို ခြေရာ ပြန် မကောက်ချင်တော့လို့.........

မေ့ဆေး


အခုမှတော့ နင် မတမ်းတနဲ့
ငါ မရှိတော့ မှ လွမ်းပြီးလဲ နင် မငိုနဲ့ .........
အမှတ်တရတွေတိုင်း အမှတ်ရစရာ မဟုတ်ဘူး
ခါးသက်လွန်းတဲ့ ဖျော်ရည်တစ်ခွက်ကို နှစ်နှစ်ခြိုက်ခြိုက်
သောက်နိုင်တဲ့ သူတွေရှိကောင်းရှိမယ်.....
ဒါပေမဲ့ ......ငါ ..မပါဘူး
အချစ်စစ်ဆိုပေမဲ့ အရာရာတိုင်းမှာ အကန့်အသတ်ရှိမှန်း
နင် မမေ့သင့်ဘူး
နှမြောတတ်ရင် နင့် အတွက်ေ ပးခဲ့တဲ့ ငါ့ အချိန်တွေက တန်ဖိုးမဲ့တာ မဟုတ်ဘူး
ချစ်တတ်လွန်းတဲ့ငါ က ......အနှမြော မရှိ ရက်ရောခဲ့တာ ပါ
အသွားအပြန်မမျှတဲ့ ချစ်ခြင်း လွန်းတု တစ်ခုက.ို .........
ငါ ချိုးဖဲ့ လိုက်ချိန်က ..
တကယ်ဆိုရင် .......နောက်ကျနေသေးတာ
နင် မသိချင်ယောင် မဆောင်နဲ့
ကဲ .အကြင်နာဆုံး လမ်းခွဲမယ်.........
အနာကျင်ရဆုံး ဒဏ်ရာတွေ အတွက် .......
ငါ့ အတိတ် ကို ခြေရာ ပြန် မကောက်ချင်တော့လို့.........

ကိုယ်တစ်ယောက်ထဲ

မျိုသိပ်ပါများလို့
အ သွားရတဲ့ လူတစ်ယောက်ပါ
အိပ်ယာဝင်ဖို့ သတိရပေမယ့်
အိမ်မက်ဒဏ် မခံနိုင်လို့
အအိပ်ပျက်ခဲ့ရတဲ့ လူတစ်ယောက်ပါ
ချစ်ဖို့ကိုမဆိုထားနဲ့
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းပစ်ချင်တဲ့
ခပ်ညစ်ညစ် လူယောက်ပါ
မချစ်လို့ တော့မဟုတ်ပါဘူး
ချစ်ပြီးမှာ ခွဲရမယ့် ဒဏ်မခံနိုင်လို့
သံစဉ်တွေ ရှိရဲ့နဲ့
ဂီတာကို ရိုက်ချိုးမိတဲ့
မပ်မိုက်မိုက် လူတစ်ယောက်ပါ
နောက်တော့မှ
ချစ်တယ်လို့ပြောမယ်
လောလေဆယ် စံပါယ်တစ်ပွင့်ပေး။ ။


အသည်းကွဲခြင်း အထိမ်းအမှတ်အဖြစ်
မျက်ရည်ကျလိုက်ရုံနဲ့
လုံလောက်ပါ့မလားကွယ်။
မြစ်ခြား. . . ချောင်းခြား
အသည်း နှလုံးခြင်းကွာခြားသွားမှာ
အကြောက်ဆုံးပါပဲ။
ဝေးကွာသွားပြီ ဆိုကတည်းက
သတင်းစကားလေး တစ်ခွန်းတစ်စလောက်
ကြားနေရဖို့
မျှော်လင့်နေချင်မိတယ်။
အငြိုးကြီးလွန်းလှတဲ့
ဝဋ်ကြွေးသံသရာထဲမှာ
မျောပါကူးခပ်နေကြသူချင်းအတူတူ
ကိုယ့်အဖြစ်က
ပိုလို့တောင် ကံဆိုးနေပါသေးရဲ့။
နှုတ်မဆက်ဘူးကွယ်
ကောင်းကင်ကိုအဆုံးသတ်တဲ့အထိ
ပြန်ဆုံမယ့် မျှော်လင့်ချက်တွေ
ရှိနေချင်တယ်
ဒါပေမယ့်. . .
ပြန်မဆုံချင်တော့ဘူး။
ဘယ်သူ့မှမမြင်ရတဲ့
ဆုံဆည်းခြင်းတစ်ခုကတော့
သတိရခြင်းပေါ့အချစ်ရယ်။
ဒါပေမယ့်ူ. . .
သတိမရချင်တော့ဘူး။
အသည်းကွဲခြင်း အထိမ်းအမှတ်အဖြစ်
(ကိုယ်တစ်ယောက်တည်း)
အိပ်ဆေးမသောက်ပဲအိပ်ပြမယ်။

လေပြေလေညှင်း

ငါ့ဘ၀ကိုရှေ့ဆက်
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ
ဦးတည်ရာမဲ့
အဓိပတိလမ်းမပေါ်မှာ
ခြေဦးတည့်ရာလျှောက်လှမ်း
ငါ့ရဲ့ပန်းတိုင်ဆိုတာ
ဘယ်မှာလဲ။။
မင်းကြောင့်ကွဲခဲ့တဲ့
ငါ့နှလုံးသားဒဏ်ရာ
အစားထိုဖို့ဆိုတာ
မလွယ်ပါဘူး......
ရက်စက်သွားတဲ့
မင်းကျောပြင်ကိုငေးကြည့်
နုညံ့ခြင်းနဲ့ပြုံးပြတဲ့
မင်းအပြုံး
ကျားသစ်တစ်ကောင်လို
မာန်ဖီတက်တဲ့ မင်းဒေါသ
လေးတိုက်တိုင်းယိမ်း
သာတဲ့ဘက်ကိုပါတတ်တဲ့
မင်းအချစ်
အခုတော့လဲ
မုန်တိုင်းနောက်ပါသွားပါရော်လား
ညင်သာမှုလောက်ပဲပေးနိုင်တဲ့
ငါ့ရဲ့လေညှင်းလေးကတော့
မုန်တိုင်းကို အံမတုနိုင်ခဲ့ဘူးလေ
ဒါပေမယ့်
လေပြေလေညှင်းလေးနဲ့
ပျော်ရွှင်းခဲ့ဖူးတဲ့အချိန်တွေကို
မင်းမမေ့ပါစေနဲ့...........

မျှော်လင့်ချက် မနက်ဖြန်


နောက်ဆုံးစက္ကန့် တွေ အထိ

ယုံကြည်ချက်တွေ ခိုင်မြဲလို့ 

မျှော်လင့်ချက် မနက်ဖြန်အတွက် ရှင်သန်နေမယ်...။

ရွှေပြည်တော်မျှော်လေတိုင်းဝေးပေမယ့်

တစ်နေ့ နေ့ တော့ရောက်လိမ့်မယ်..။

အတောင်ပံတွေဖြန့် ...

ကျယ်ပြန့် တဲ့ ကောင်းကင်ပြာထဲမှာ

အဆုံးမမြင်နိုင်တဲ့  သမုဒ္ဒရာပြင်ထဲမှာ

ပျံသန်းခြင်းတွေကို ဘယ်တော့မှ အဆုံးမသတ်ဘူး...။

နောက်ဆုံးဝင်သက် တစ်ရှိုက်အထိ

ငါ အသက်ဆက်နေခဲ့တာ

ရွှေရောင်တွေ တောက်ပလင်းလက်မယ့်

အဲဒီ မျှော်လင့်ချက်မနက်ဖြန်အတွက်ဖြစ်တယ်....။

ကျောင်းနံရံက ကျည်ဆန်ရာတွေကိုမြင်တိုင်း

နှလုံးသားဆီက ဒဏ်ရာတွေနာကျင်တိုင်း...

ရင်နဲ့ ရင်းခဲ့ရတဲ့မေတ္တာတွေ

ဘ၀နဲ့ ရင်းခဲ့ရတဲ့သစ္စာတွေ

မာန နဲ့ ရင်းခဲ့ရတဲ့ အကြင်နာတွေ

ပြီးတော့

ဥပေက္ခာပြုခံရတဲ့  မြတ်နိုးခြင်းတွေ

အဲဒီအရာတွေကို ပြန်လည်ပိုင်ဆိုင်ခွင့်ရမယ့်

မျှော်လင့်ချက်မနက်ဖြန်အတွက် ငါ အသက်ဆက်နေတယ်..။