· ချစ်သူ...
· စိတ်ရဲ့စေရာတိုင်းသာဖြစ်မယ်ဆိုရင်
· အတိတ်ကဝေဒနာကိုမေ့ပြစ်ချင်တယ်
· မြတ်နိုးခွင့်မဲ့ခဲ့ရပြီပဲလေ...
· သံယောဇဉ်ရယ်
· စွဲလန်းနှစ်သက်မှု
· တွယ်တာမှုရယ်ကို
· ရထားစက်ရဲ့လောင်စာအဖြစ်
· မီးခိုးငွေ့တွေကြွင်းကျန်စေလိုက်မယ်
· ဆွေးမြေ့မြေ့နိုင်လှတဲ့
· ဥသြဆွဲသံနဲ့အတူ ပျံ့လွင့်ပါစေ
· အလွမ်းနဲ့သတိရခြင်းကိုတော့
· အမှတ်တရ အပိုင်ပေးခဲ့ပါ
· ဒိုင်ယာယီစာမျက်နှာကြား
· ထာဝရသိမ်းထားချင်လို့
· ခဏတာခင်မင်မှုလေးနဲ့
· တစ်ဘ၀တာကြင်ချင်သူအတွက်
· အထိုက်တန်ဆုံးဆုလာဘ်အဖြစ်ပေါ့...
· ပြန်ဆုံတွေ့မှုဆိုတာ
· နှုတ်မဆက်ခင်တည်းကသေဆုံးခဲ့ပြီပဲ
· မျှော်လင့်ချက်ဝိညာဉ်တစ်ခုကတော့
· မှီတွယ်ရာကိုရှာဖွေရင်း
· ချစ်သူရဲ့ဘေးနားမှာ
· ရစ်ဝဲနေလိမ့်မယ်..
· ချစ်သူရယ်........
· နောက်ဆုံးတော့
· အရုဏ်ဦးမှာနှင်းရည်လူးနေတဲ့
· ငါ့..အလွမ်းတွေ
· မင်းရဲ့ရက်စက်မှုနေအရင့်မှာ
· ပြယ်လွင့်ခဲ့ရတယ်လေ...
· ဒါပေမဲ့......
· မင်းကိုသတိအရဆုံးအချိန်တွေဆို
· နှင်းတွေကဝေနေတတ်တယ်
· ဝေနေတဲ့နှင်းတွေကြားမှာတော့
· မင်းရှိနေဆဲပါချစ်သူရယ်.....။
o
No comments:
Post a Comment