Wednesday 10 August 2011

ကိုယ်တစ်ယောက်ထဲ

မျိုသိပ်ပါများလို့
အ သွားရတဲ့ လူတစ်ယောက်ပါ
အိပ်ယာဝင်ဖို့ သတိရပေမယ့်
အိမ်မက်ဒဏ် မခံနိုင်လို့
အအိပ်ပျက်ခဲ့ရတဲ့ လူတစ်ယောက်ပါ
ချစ်ဖို့ကိုမဆိုထားနဲ့
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းပစ်ချင်တဲ့
ခပ်ညစ်ညစ် လူယောက်ပါ
မချစ်လို့ တော့မဟုတ်ပါဘူး
ချစ်ပြီးမှာ ခွဲရမယ့် ဒဏ်မခံနိုင်လို့
သံစဉ်တွေ ရှိရဲ့နဲ့
ဂီတာကို ရိုက်ချိုးမိတဲ့
မပ်မိုက်မိုက် လူတစ်ယောက်ပါ
နောက်တော့မှ
ချစ်တယ်လို့ပြောမယ်
လောလေဆယ် စံပါယ်တစ်ပွင့်ပေး။ ။


အသည်းကွဲခြင်း အထိမ်းအမှတ်အဖြစ်
မျက်ရည်ကျလိုက်ရုံနဲ့
လုံလောက်ပါ့မလားကွယ်။
မြစ်ခြား. . . ချောင်းခြား
အသည်း နှလုံးခြင်းကွာခြားသွားမှာ
အကြောက်ဆုံးပါပဲ။
ဝေးကွာသွားပြီ ဆိုကတည်းက
သတင်းစကားလေး တစ်ခွန်းတစ်စလောက်
ကြားနေရဖို့
မျှော်လင့်နေချင်မိတယ်။
အငြိုးကြီးလွန်းလှတဲ့
ဝဋ်ကြွေးသံသရာထဲမှာ
မျောပါကူးခပ်နေကြသူချင်းအတူတူ
ကိုယ့်အဖြစ်က
ပိုလို့တောင် ကံဆိုးနေပါသေးရဲ့။
နှုတ်မဆက်ဘူးကွယ်
ကောင်းကင်ကိုအဆုံးသတ်တဲ့အထိ
ပြန်ဆုံမယ့် မျှော်လင့်ချက်တွေ
ရှိနေချင်တယ်
ဒါပေမယ့်. . .
ပြန်မဆုံချင်တော့ဘူး။
ဘယ်သူ့မှမမြင်ရတဲ့
ဆုံဆည်းခြင်းတစ်ခုကတော့
သတိရခြင်းပေါ့အချစ်ရယ်။
ဒါပေမယ့်ူ. . .
သတိမရချင်တော့ဘူး။
အသည်းကွဲခြင်း အထိမ်းအမှတ်အဖြစ်
(ကိုယ်တစ်ယောက်တည်း)
အိပ်ဆေးမသောက်ပဲအိပ်ပြမယ်။

No comments:

Post a Comment