Friday 12 August 2011

သူမရှိတော့ရင်


အိမ်မက်တွေ
ပြာကျ...
စိတ်ကူးတွေ
အရည်ပျော်ပြီး
လက်တွေ့ဘ၀က
တစ်သက်မမေ့စရာတွေပဲ
ကျန်ခဲ့...
ပြန်ခဲ့ပါတော့...အချစ်ရယ်။ ။
နှလုံးသွေးတွေ ပေကျံနေတဲ့
အချစ်...,
ဘယ်တော့မှ  အသစ်မဖြစ်စေရဘူး။ ။
သူမှ  မရှိတော့ရင်
ရင်ခွင်ကိုသော့ခတ်
ချော့တတ်ခဲ့တဲ့
ငါ့...,  နှုတ်ခမ်းက
အလွမ်းတွေ
ထွက်ကျလာမှာ  စိုးတယ် ။ ။

No comments:

Post a Comment