Thursday 18 August 2011

တစ်ယောက်ထဲသာချစ်မယ်


အသိုင်းဝိုင်းတွေ
ဂုဏ်ပုဒ်တွေကြားထဲမှာ
ငါခေါင်းမဖော်နိုင်အောင်မြုပ်နေပြီ
ချစ်သူရယ်..
ဒီလိုနဲ့ ပဲ ငါတို့ ဝေးကြရတော့မှာလား
ညနေခင်း အလှတွေ
မနက်ခင်းရဲ့ အမှတ်တရတွေက..
လေလိုပဲ လွင့်မျှောသွားတော့မှာလား
နေ့ တိုင်း ကြိုပေးရတဲ့ ကားဂိတ်လေး..
ဆောင်ပေးနေကြ ထီးလေးက
ငါ့အခန်းထောင့် မှာ..
အထီးကျန်စွာ...
မိုးရွာတိုင်းသတိရသလို
နေ့ တိုင်းလဲ ငါနှလုံးသားမှာ
မရပ်စဲသော မျက်ရည်မိုးတွေက.
အတိုင်ထက်အလွန်..
တစ်ယောက်ထဲသာ စွဲစွဲလန်းလန်းချစ်ခဲ့တော့
ငါတစ်ယောက်တည်းပဲရူးနေရပြီပေါ့
ကျေနပ်ပါတယ်..
ငါမျှော်လင့်ချက်က
မင်းနဲ့  ပြန်ဆုံမယ့်နေ့ လေးကိုပါ.....
တစ်ဘ၀စာဝေးရင်.
ငါတော့မင်းကြောင့် …အဲဒီနေရာလေးမှာပဲ …………

3 comments:

  1. တစ်ယောက်တည်းကိုပဲချစ်မယ်ပေါ့....

    ပြန်လည်ဆုံတွေ့ပါစေဗျာ...

    ReplyDelete
  2. ပြန်ဆုံမယ့်နေ့ လေးအမြန်ဆုံးရောက်ရှိလာနိုင်ပါစေ....

    စိတ်ရောကိုယ်ပါကျမ်းမာရွှင်လန်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  3. မမရဲ့ချစ်သူနဲ့အမြန်ဆုံးပြန်ဆုံဆည်းနိုင်ပါစေ ဖြစ်နိုင်ရင် အသိုင်းအဝိုင်းကို စောင့်ဂရုမစိုက်နဲ့
    တစ်ယောက်ထည်းဆိုတာကိုသဘောကျတယ်
    ထိုင်နိုင်ငံရောက် ပရိတ်သက်( ပေါက်ကလေး )

    ReplyDelete