Wednesday 10 August 2011

အတူရေးမယ့် ချစ်ပန်းချီ

"အတူရေးမယ့် ချစ်ပန်းချီ"


အချစ်ဆိုတာ
အဖြူရောင်သက်သက် ကင်းဗက်စ တစ်ခုပါ...
အရောင်တွေကို အတူတူ ရောစပ်လို့
ဘ၀ဆိုတဲ့ ပန်းချီကားကို အတူတူခြယ်
လိုတာတွေရှိသလို၊ ပိုတာတွေလည်း ရှိခဲ့မယ့်
ဘယ်သူနဲ့မှ မတူတဲ့ ပန်းချီကားတစ်ချပ်ရဖို့
ပန်းချီအဆုံးအထိ အတူတူရှိဖို့ လိုအပ်တယ်
အခုဆို
အတူတူရေးခဲ့တဲ့ ပန်းချီကား
အနာဂတ်ကောက်ကြောင်းတွေလည်း ရှိခဲ့ပြီ
ဆေးစက်တစ်ချို့လည်း စွန်းခဲ့ပြီ
ဒါပေမယ့် ချစ်သူရယ်....
တစ်ခါတစ်ခါ မင်ရေကြဲလို့..
ဆေးသားတစ်ချို့ ပြန့်လွင့်သွားစေဦးတော့
အတူတူသာ ရှိနေကြမယ်ဆိုရင်
လိုတဲ့ နေရာတွေကို အထပ်ထပ်ပြန်ခြယ်
အမှားတွေရှိရင်လည်း
နားလည်မှုနဲ့ ပြန်ရေးကြမယ်
တစ်နေ့တော့ ဒီပန်းချီလည်း အဆုံးသတ်မယ်
တစ်ခုပဲတောင်းဆိုပါရစေ
ပန်းချီအဆုံးထိ အတူတူရှိပေးပါလို့
..........

No comments:

Post a Comment