Tuesday 9 August 2011

နှလုံးသားဝယ်ကြွင်းကျန်လေသော

*နှလုံးသားဝယ် ကြွင်းကျန်လေသော…*

ငယ်ငယ်က ဒဏ်ရာတွေလား
အတိတ်က ၀ဋ်တွေလား
ထား…။
အသေအချာ စံမထားရက်ပေမယ့်
ခံစားချက်တော့ ရှိတယ်။
သိမ်ငယ်တာလား
ခံစားရတာ
အကြိမ်အရေအတွက် မနည်းတော့။
သနားစဖွယ်
အားငယ်တာလား
သေချာတော့ နားမလည်ဘူး။
သြော်…
တိတိကျကျ စမ်းစစ်တော့
ရမ်းပစ်လိုက်တဲ့ စကားတွေက
အများအတွက် အားဖြစ်ပေမယ့်
ငါ့အတွက်တော့
ဟူးးးးးးးးးး။
ခုတော့
လေပူတစ်ချက်လောက်တောင်မှ
ကူသူမရှိ
ဗလာနတ္ထိ။ ။
++++++++++

No comments:

Post a Comment