Wednesday 17 August 2011

အမြဲတန်းချစ်နေမယ် ...


ချစ်သူ..
ဘေးစကားတွေယုံ
အဖျက်သမားတွေအစုံကြားမှာ
တွဲထားတဲ့ငါတို့လက်တွေ
ခိုင်ခိုင်မြဲဖို့မတွေးတော့ဘဲ
အယိုင်ယိုင်အနှဲနှဲဖြစ်ဖို့
ဘာလို့စဉ်းစားချင်တာလဲ
အသိုင်းအဝိုင်းဆိုတဲ့
ပတ်ဝန်းကျင်
ကြားခံနယ်တစ်ခုကြောင့်
နောက်ဆုတ်ဖို့
ဆုံးဖြတ်မယ်ဆိုရင်
ငါကိုသာအရင်သတ်လိုက်ပါဟာ
ရင်မဆိုင်ရဲချင်နေပါ
နောက်ပြန်လှည့်ဖို့
မကြိုးစားလိုက်ပါနဲ့လား
ရဲရဲဝံ့ဝံ့ရပ်နေလိုက်ပါ
ငါရအောင် နင်ဆီလှမ်းခဲ့မယ်ဆိုတာယုံ
ဘုရင့်နောင်ဖောင်ဖျက်
တိုက်ပွဲဝင်တဲ့အဆိုစကားလိုပဲ
ငါအချစ်တွေမှာ
နောက်ကြောင်းလှည့်ဖို့
အစီစဉ်မရှိပါဘူး
နင်သာေ၇ွ့လျားပြောင်းလဲနေတဲ့
နာရီနဲ့နေ့ရက်တွေတိုင်း
နင်နှလုံးသားမှာ
ငါရှိနေပါစေ
ပျော်ရာမှာမနေနိုင်ဘဲ
တော်ရာမှာနေရမဲ့ အခြေအနေမို့
(ငါတို့ဝေးကွာနေချိန်မှာ)
အပျော်ရှာကာနေချင်နေပါ
အဖော်ရှာဖို့တော့ မတွေ့လိုက်ပါနဲ့ဟာ
ဆော်တကာနဲ့ငါလည်း
ကြူကြောင်တာတွေရပ်ခဲ့တာ
ငါနှလုံးသားမှာ နင်ဆိုတဲ့
ဆေးမင်ကြောင်ထိုး
ပုံဖော်ပြီးကတည်းကပါဟာ.............။။

No comments:

Post a Comment