ကြုံဆုံလို့သာ
လှမ်းခဲ့ပေမဲ့
ပန်းတိုင်ဆိုတာ
မသိခဲ့ရိုးအမှန်ပါ။
သံသရာတစ်ကွေ့မှာ
တွေ့တာဆိုတော့
နောက်တစ်ခါတွေ့ဖို့
တို့လေ....
သံသရာကြီးကို
စောင့်ရဦးမှာလား။
မနက်ဖြန်မှာ
မတွေ့လိုလို့
ဒီနေ့ကိုရော
တို့မျှော်ရဦးမှာလား။
နီးနီးလေးကို
လှမ်းခဲ့ပေမဲ့
ဝေးဝေးသွားတာတွေ
မင်တစ်ယောက်ရော
သိဦးမှာလား။
မငိုချင်ပေမဲ့
နှလုံးသားမျက်ရည်
တစ်စက်ကျွေလို့
တို့ရင်မှာလည်း
မျက်ရည်များအတွက်
နေရာပြည့်နေပြီလေ။
အရောင်တွေ စုံတဲ့ညတွေနဲ့ မူးနောက်နေတဲ့ နေ့တွေနဲ့ မနက်တိုင်းမျက်နှာသစ်ခဲ့ရသူပေါ့။အိမ်ဆိုတာ ဘာမှန်းမသိ ပျော်ချင်တိုင်းပျော်နေခဲ့တဲ့ ငါ့ဘ၀မှာ အပေအတေ တစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့။
ရောင်စုံညတွေကိုဖြစ်သန်းရင်း လူ့ဘ၀ရဲ့ နေ့ပေါင်းများစွာကို တစ်ယောက်ထဲကျော်ဖြတ်ခဲ့ရတာလဲ ငါ့ဘ၀ပါပဲ။
မွေးကတည်းကလည်းတစ်ယောက်ထဲ သေသွားရင်လည်းငါတစ်ယောက်ထဲ နေမှာပါလေ။
ဒီလိုအဖြစ်အားလုံးမှာ ငါ့ဘ၀ဘ၀ထဲကို မီးမီးလေးတစ်ယောက်ဝင်လာခဲ့တယ်။
သူ့ကြောင့်ပဲ ဘ၀တစ်ခုလုံး ပြောင်းပြန်ဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ ငါပျော်ခဲ့ပါတယ်။ ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ ငါ့အိပ်မက်ထဲက .မီးမီးလေးကတော့ ငါ့ရင်ထဲမှာ အမြဲတမ်းရှိနေဦးမှာပါ။
အမှတ်တစ်ရ တစ်ခုအနေနဲ့ သူနဲ့ စကားပြောခွင့်ရခဲ့တဲ့ နေ့လေးတွေကို သတိရလျှက်ပါ။
ငါသတိထားမိလိုက်တဲ့ အချိန်မှာ မီးမီးလေး က ငါ့ဘ၀ရဲ့ နေရာ တော်တော်များများမှာ မှတ်တိုင်တွေ တော်တော်များစိုက်ပြီးသားဖြစ်သွားခဲ့ပြီ။
နေပျော်ပါတယ် ထားရာမှာနေခဲ့ရမယ့် ဘ၀တစ်ခု ပျက်သွားလဲထူးလာမှာမှ မဟုတ်ပဲနော် ။
No comments:
Post a Comment